About Us

ဆာကာမိုတိုကျောင်းကို ဂျပန်နိုင်ငံမှ ဒေါက်တာ Hideo Sakamotoက ၁၉၇၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အခုဆိုရင် Singapore, Thailand, Indonesia , Australia , Philippines , Malaysia, Mexico, Dubai နဲ့ Myanmar နိုင်ငံတွေမှာ ဖွင့်လှစ်ထားပါတယ်။ ဂျပန်မှာနှစ် ၄၀ ကျော်ကြာ်ကြာခဲ့ပြီဖြစ်ပြီး စင်ကာပူတွင် နှစ် ၂၀ ရှိပါပြီ။ဆာကာမိုတိုသချာင်္သင်ခြင်းအားဖြင့် ကလေးတွေရဲ့ အတွေးအခေါ်တွေကို ပိုမိုမြင့်မားလာစေပါတယ်။ သချာင်္ပုစ္ဆာများကို စနစ်ကျသောနည်းစနစ်များဖြင့် တစ်ဆင့်ခြင်း ဖြေရှင်းနိုင်အောင် သင်ပေးတဲ့အတွက် သချာင်္ဘာသာရပ်တွင်သာမက လက်တွေ့ဘဝတွင် ရင်ဆိုင်ရမည့် ပြသနာများကို ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ပိုင်းခြားနိုင်စေပါသည်။ အာရုံစူးစိုက်မှုလည်း ကောင်းစေတဲ့အတွက် သချာင်္အပြင် ကျန်သည့် ဘာသာရပ်များကိုလည်း ပိုမိုကျွမ်းကျင်လာစေပါတယ်။ 

 ဆာကာမိုတိုတွက်နည်းရဲ့ ထူးခြားချက်ကတော့ သချာင်္ပုစ္ဆာများ ခက်ခဲလေလေ ဆာကာမိုတိုတွက်နည်းနဲ့တွက်ရင် လွယ်ကူလေလေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ မူလသင်ရိုးဖြစ်သည့်အပြင် ပညာရေးကဏ္ဍမှာ အမြင့်ဆုံးဖြစ်တဲ့ စင်ကာပူပညာရေး ဝန်ကြီးဌာနကလဲ အသိအမှတ်ပြုထားပါတယ်။ မြန်မာနိုင်ငံတွင်ဆာကာမိုတိုကျောင်းခွဲများကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မော်လမြိုင်၊ ဘားအံ၊ မူဆယ်၊ နေပြည်တော်၊ ပဲခူး၊ မြိတ်၊ ထားဝယ်စသည့်မြို့များတွင် ဖွင့်လှစ်ထားပါသည်။ 

 ဆာကာမိုတို သင်တန်းက ကလေးများအတွက် Enrichment Program ဖြစ်သောကြောင့် ပုံမှန်ကျောင်းတွေလို တစ်နေကုန်တက်စရာမလိုပဲ တစ်ပတ်လျှင် ၂ရက် ၊ တစ်ရက်လျှင် ၁နာရီသာ တက်ရောက်ရပါမည်။ သင်တန်းက တနလာင်္တစ်ရက်တည်းပိတ်လို့ ကျန်သည့် ရက်များထဲမှ နှစ်သက်ရာ နှစ်ရက်ကိုရွေးကာ တက်ရောက်နိုင်ပြီး ကျောင်းဖွင့်တဲ့ ရက်များမှာလည်း ကျောင်းဆင်းချိန်တွင် တက်ရောက်နိုင်ပါသည်။ အသက်၎နှစ်မှ၁၄နှစ်အထိလက်ခံပြီး ၆ နှစ်နှင့် ၆နှစ်အထက် ကလေးများကတော့ Placement Test ဖြေပြီး Level ခွဲပေးပါတယ်။ အနာဂတ်ခေါင်းဆောင်လေးတွေအား သချာင်္ကိုအခြေခံပြီး စဉ်စားတွေးခေါ်နိုင်စွမ်းအားများ မြင့်မားလာအောင်  ပြုစုပျိုးထောင်ကာ  မြန်မာနိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  တစ်ထောင့်တစ်နေရာကနေ အားဖြည့်လိုတဲ့ရည်ရွယ်ချက်နဲ့ သင်ပေးနေသော ဆာကာမိုတိုသချာင်္ကျောင်းကို အမြန်ဆုံးလာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။